အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေနဲ့ ကာကွယ်နည်း
ကင်ဆာဆိုတာက အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေ ရှိသလို အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေလည်း ရှိနေပါတယ်။ နေ့စဉ် နေထိုင်စားသောက်မှုကလည်း ကင်ဆာခံစားရနိုင်ခြေကို တိုးစေနိုင်တဲ့ အချက်ပေါ့။ ကင်ဆာဆိုတာက လူတိုင်းမှာ ဖြစ်တာလားဆိုတော့ မဟုတ်ပါဘူး။ ကင်ဆာ မဖြစ်အောင် ကာကွယ်လို့ ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။
ဒီတစ်ခါမှာတော့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေနဲ့ ဘယ်လိုတွေ ကာကွယ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
အမျိုးသမီးတိုင်း သတိထားရမယ့် ကင်ဆာတွေက ဘာတွေဖြစ်မလဲ?
အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေက
ရင်သားကင်ဆာ
ရင်သားကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်ခုပါ။ အသက်အရွယ် မရွေး ဖြစ်နိုင်သလို အသက်အရွယ် ရလာလေလေ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကလည်း များလာလေလေပါ။ ဒါပေမယ့် ဒီအချက်အပြင် အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေက အများကြီး ရှိပါတယ်။ မျိုးရိုးရှိတာ၊ အဝလွန်တာမျိုးတွေပေါ့။ ဒါပေမယ့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အရာတွေတော့ ရှိပါတယ်။
ဒါတွေကတော့ -
- ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအတိုင်း နေထိုင်ပါ
- ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ရှောင်ပါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံ ရှိအောင် ဂရုစိုက်ပါ
- ကိုယ်အလေးချိန် ထိန်းပါ
- လှုပ်လှုပ်ရှားရှားနေပါ
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ပါ။
သားအိမ်အတွင်းနံရံ ကင်ဆာ
သားအိမ်အတွင်းနံရံ ကင်ဆာဆိုတာက သားအိမ်ရဲ့ အတွင်းသားနံရံမှာ ဖြစ်တဲ့ ကင်ဆာ တစ်မျိုးပါ။ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ရင်သားကင်ဆာ ရှိတဲ့ အမျိုးသမီးတွေမှာ ဒီကင်ဆာ အမျိုးအစားဖြစ်နိုင်ခြေက တော်တော်လေး များပါတယ်။ မျိုးရိုးရှိတယ်ဆိုရင်လည်း ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမယ့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အရာတွေတော့ ရှိပါတယ်။
ဒါတွေကတော့ -
- ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအတိုင်း နေထိုင်ပါ
- ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ရှောင်ပါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံ ရှိအောင် ဂရုစိုက်ပါ
- ကိုယ်အလေးချိန် ထိန်းပါ
- လှုပ်လှုပ်ရှားရှားနေပါ
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ပါ။
သားအိမ်ခေါင်း ကင်ဆာ
Human Papillomavirus (HPV) ဗိုင်းရပ်စ် ကူးစက်မှုက သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးရှိသူနဲ့ အရေပြားချင်း ထိတွေ့မှုကနေ ကူးစက်နိုင်သလို မိန်းမကိုယ်၊ စအို နဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံတာတွေကနေ တဆင့် လည်း ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပါတယ်။ အခြား ဖြစ်နိုင်ခြေကတော့ ဆေးလိပ်သောက်တာ၊ ကိုယ်ခံအား နည်းတာ၊ ပိုးကူးစက်ခံရတာတွေ အပါအဝင် အမျိုးမျိုးသော ထိတွေ့မှုတွေကြောင့် ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အရာတွေတော့ ရှိပါတယ်။
ဒါတွေကတော့ -
- ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအတိုင်း နေထိုင်ပါ
- ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ရှောင်ပါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံ ရှိအောင် ဂရုစိုက်ပါ
- ကိုယ်အလေးချိန် ထိန်းပါ
- လှုပ်လှုပ်ရှားရှားနေပါ
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ပါ
- ကာကွယ်ဆေး ထိုးနှံပါ။
အရေပြား ကင်ဆာ
အမျိုးသားရော အမျိုးသမီးရောမှာပါ အရေပြား ကင်ဆာ ဖြစ်နိုင်တယ်ဆိုပေမယ့် အသားလတ်သူတွေက အသားအရောင်ရင့်သူတွေထက် အရေပြား ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။အရေပြား ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ခုကတော့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မိတာကြောင့်ပါ။ ဒါပေမယ့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အရာတွေတော့ ရှိပါတယ်။
ဒါတွေကတော့ -
- ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအတိုင်း နေထိုင်ပါ
- ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ရှောင်ပါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံ ရှိအောင် ဂရုစိုက်ပါ
- ကိုယ်အလေးချိန် ထိန်းပါ
- လှုပ်လှုပ်ရှားရှားနေပါ
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ပါ
- နေရောင်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ပါ။
သားဥအိမ် ကင်ဆာ
သားဥအိမ် ကင်ဆာက အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ အသက်ရလာလေလေ သားဥအိမ်ကင်ဆာ ခံစားရနိုင်ခြေက များလာလေလေပါ။ ကလေးမမမွေးထားတဲ့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ များသလို အသက် ၃၅ နှစ်နောက်ပိုင်းမှ ကလေးမွေးဖွားတဲ့ မေမေတွေမှာလည်း ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမယ့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အရာတွေတော့ ရှိပါတယ်။
ဒါတွေကတော့ -
- ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအတိုင်း နေထိုင်ပါ
- ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ရှောင်ပါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံ ရှိအောင် ဂရုစိုက်ပါ
- ကိုယ်အလေးချိန် ထိန်းပါ
- လှုပ်လှုပ်ရှားရှားနေပါ
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ပါ။
ခုဖော်ပြပေးခဲ့တဲ့ ကင်ဆာအမျိုးအစားတွေကတော့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေဖြစ်ပြီး ကြိုတင်ကာကွယ်ကုသမှုတွေပြုလုပ်နိုင်စေဖို့ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။
မွန်မွန်